Saturday, September 29, 2012

ပြီးခဲ့သော တနင်္ဂနွေ

ပြီးခဲ့သောတနင်္ဂနွေ

တနင်္ဂနွေ၊ စိတ်တွေလေခဲ့

ဖြေမဆည်နိုင်၊ ယနေ့တိုင်ပင်

ယိမ်းယိုင်စိတ်ထား၊ နှလုံးသားတွင်

တအားအော်ကာ၊ ငိုချင်လာသည်

ခါခါပြန်တွေး၊ အဝေးပြေးချင်

မနှေးမြန်စွာ၊ ရူးသွားမှာကို

သိကာလျှက်သား၊ စိတ်ထဲထားလျှင်

ခံစားချက်ကို၊ ဖွင့်ကာဆိုမိ

ရင်ကိုထိခဲ့၊ အားအင်မဲ့နေ

မင်းနဲ့ခွဲခွာ၊ ဒီရင်မှာလေ

လွမ်းကာနေတာ၊ မင်းမျက်နှာကို

မြင်ကာမတွေ့၊ ဘယ်ဘယ်နေ့မှ

နေ၍မရ၊ စိတ်ထဲကလေ

လှိုင်းထရင်ဖို၊ ရှိုက်ရှိုက်ငိုချင်

ပြိုလဲချင်လာ၊ တစ်ခါခါတွင်

ထိန်းကာမရ၊ မျက်ဝန်းကနေ

ကြွေခမျက်ရည်၊ အသဲတွေပဲ့

ဝေခွဲမရ၊ စိတ်များကလည်း

ကြောင့်ကြခြောက်ခြား၊ နင်ငါ့ထားသွား

စကားတွေဖြတ်၊ နှုတ်မဆက်ဘဲ

ဘယ်ရက်ဘယ်ခါ၊ ပြန်ကာလာမည်

ဒါဒီကြောင်းပဲ၊ ငါစိတ်ထဲတွင်

အမြဲတွေးကာ၊ ဆွေးကမ္ဘာ၀ယ်

ငါမှာဝဲလည်၊ ဖြေဖျောက်မယ်လုပ်

စိတ်ရယ်ရှုပ်ကာ၊ ရူးချင်ပါသည်

တစ်ခါတစ်ခါ၊ သေလိုက်တာပဲ

ကောင်းမှာပဲထင်၊ တလွဲမြင်ခဲ့

စိတ်တွင်ရှုပ်ပွ၊ ဖြေမရပါ

လွမ်းလျပျော့ခွေ၊ မတွေ့လေတိုင်

မနေနိုင်ပါ၊ ပြန်ကာလာပါ

မျှော်ကာနေမိ၊ ငါမသိပါ

ဟက်ထိရင်ဆုံး၊ ချစ်နေတုန်းလား

ရုန်းထွက်မရ၊ အချစ်ကလေ

နှိုးဆွနေတာ၊ တစ်ခါခါတွင်

မင်းမှာမသိ၊ ၀န်တိုမိသည်

မင်းကြည့်တွေဟာ၊ တခြားမှာလေ

ထားပါဒါတွေ၊ မင်းပျော်နေရင်

ငါလေပျော်ခဲ့၊ မင်းငိုမဲ့ရင်

သဲပဲ့ကြေကွဲ၊ ငါငိုဆဲပါ

ဘာပဲဖြစ်ဖြစ်၊ ဒီအချစ်တော့

ပစ်မရတာ၊ နားလည်ပါကွာ

ငါဘ၀မှာ၊ နားခိုရာပါ

No comments:

Post a Comment