Friday, November 23, 2012

Face Book အလေ့အထ

 ဖေ့ဘုတ်အလေ့အထ
 

face book စဖွင့်၊  account သစ်ရှာ
 

ချောတာလေးများ၊  Add ထား

များသွားတော့လဲ၊  ဦးနှောက်ထဲ


မနဲမှတ်ရ၊  ဒါတောင်မှ


မေးရတာက၊  အမြဲဗျ

 

ခဏတာတွေ့၊  တို့မမေ့

ပြောလေ့ပြောထ၊  ရှိကြဗျ


I ကခင်လျှင်၊  မှတ်မိချင်


You မြင်တွေ့က၊  နှုတ်ဆက်ဗျ


ခဏမေ့တာ၊  အကျင့်ပါ


မှားတာရှိရင်၊  ပြစ်မမြင်


ခင်ချင်တာဟာ၊  အမှန်ပါ


ကြော်ညာတာနော်၊  တွေ့ရင်ခေါ်


ကျွန်တော်ကိုပါ၊ online မှာ


Saturday, September 29, 2012

See you monday you don't say

See you Monday you don't say

တနင်္လာံနေ့၊ ဆုံကာတွေ့မည်

ဆို၍ကတိ၊ ပေးခဲ့၏

ခုထိမဘလာ၊ ဒီတစ်ခါဆို

ပြောတာသူသိ၊ နှစ်ခါရှိပြီ

ကတိပေးရက်၊ တစ်ပါတ်ပျက်သည်

မှတ်ချက်ကိုတောင်း၊ ဘယ်အကြောင်းကြောင့်

ရက်ပေါင်းတော်ကြာ၊ ပြန်မလာလဲ

နောက်ခါတွေ့ရာ၊ တနင်္လာံနေ့

ဆုံကာတွေ့လို၊ နင်မဆိုနဲ့

ထိုထိုစကား၊ ငါရဲ့နားမှာ

ကြားကာနေမူ၊ ဘ၀င်ဆူသည်

see you Monday ၊ you don't say

ပြီးခဲ့သော တနင်္ဂနွေ

ပြီးခဲ့သောတနင်္ဂနွေ

တနင်္ဂနွေ၊ စိတ်တွေလေခဲ့

ဖြေမဆည်နိုင်၊ ယနေ့တိုင်ပင်

ယိမ်းယိုင်စိတ်ထား၊ နှလုံးသားတွင်

တအားအော်ကာ၊ ငိုချင်လာသည်

ခါခါပြန်တွေး၊ အဝေးပြေးချင်

မနှေးမြန်စွာ၊ ရူးသွားမှာကို

သိကာလျှက်သား၊ စိတ်ထဲထားလျှင်

ခံစားချက်ကို၊ ဖွင့်ကာဆိုမိ

ရင်ကိုထိခဲ့၊ အားအင်မဲ့နေ

မင်းနဲ့ခွဲခွာ၊ ဒီရင်မှာလေ

လွမ်းကာနေတာ၊ မင်းမျက်နှာကို

မြင်ကာမတွေ့၊ ဘယ်ဘယ်နေ့မှ

နေ၍မရ၊ စိတ်ထဲကလေ

လှိုင်းထရင်ဖို၊ ရှိုက်ရှိုက်ငိုချင်

ပြိုလဲချင်လာ၊ တစ်ခါခါတွင်

ထိန်းကာမရ၊ မျက်ဝန်းကနေ

ကြွေခမျက်ရည်၊ အသဲတွေပဲ့

ဝေခွဲမရ၊ စိတ်များကလည်း

ကြောင့်ကြခြောက်ခြား၊ နင်ငါ့ထားသွား

စကားတွေဖြတ်၊ နှုတ်မဆက်ဘဲ

ဘယ်ရက်ဘယ်ခါ၊ ပြန်ကာလာမည်

ဒါဒီကြောင်းပဲ၊ ငါစိတ်ထဲတွင်

အမြဲတွေးကာ၊ ဆွေးကမ္ဘာ၀ယ်

ငါမှာဝဲလည်၊ ဖြေဖျောက်မယ်လုပ်

စိတ်ရယ်ရှုပ်ကာ၊ ရူးချင်ပါသည်

တစ်ခါတစ်ခါ၊ သေလိုက်တာပဲ

ကောင်းမှာပဲထင်၊ တလွဲမြင်ခဲ့

စိတ်တွင်ရှုပ်ပွ၊ ဖြေမရပါ

လွမ်းလျပျော့ခွေ၊ မတွေ့လေတိုင်

မနေနိုင်ပါ၊ ပြန်ကာလာပါ

မျှော်ကာနေမိ၊ ငါမသိပါ

ဟက်ထိရင်ဆုံး၊ ချစ်နေတုန်းလား

ရုန်းထွက်မရ၊ အချစ်ကလေ

နှိုးဆွနေတာ၊ တစ်ခါခါတွင်

မင်းမှာမသိ၊ ၀န်တိုမိသည်

မင်းကြည့်တွေဟာ၊ တခြားမှာလေ

ထားပါဒါတွေ၊ မင်းပျော်နေရင်

ငါလေပျော်ခဲ့၊ မင်းငိုမဲ့ရင်

သဲပဲ့ကြေကွဲ၊ ငါငိုဆဲပါ

ဘာပဲဖြစ်ဖြစ်၊ ဒီအချစ်တော့

ပစ်မရတာ၊ နားလည်ပါကွာ

ငါဘ၀မှာ၊ နားခိုရာပါ

Sunday, September 23, 2012

အသင့်ရှိသူ

အသင့်ရှိသူ

ရွှေနန်းတော်ဝင်၊ ပန်းသဇင်တွက်

မြေတွင်မရောက်၊ ပင်ဆင့်ပေါက်ရန်

ထိုးဖောက်နေပါ၊ ကိုယ့်ခန္ဓာမှာ

အစာရေဓါတ်၊ ကြိုကာချက်ပြီး

မပြတ်ယူလော၊ ကိုယ့်အကြောမှ

မိုးရောနေပါ၊ မခံသာလို့

ခိုဝင်ကာအိပ်၊ ကိုယ့်အရိပ်မှာ

ဆိတ်ငြိမ်သာယာ၊ ဂနိုင်မှာလေ

ကိုယ်ဟာမင်းတွက်၊ အသက်ဆက်ကာ

ပေးဆပ်မျှော်မှန်း၊ မင်းပွင့်လန်းတော့

ရွှေနန်းထက်မှာ၊ စံမြန်းကာသွား

ကိုယ့်မှာလွမ်းမိ၊ မင်းမသိပါ

သတိရချင်၊ မင်းနေစဉ်က

သစ်ပင်ဂနိုင်၊ တောကြီးမြိုင်လယ်

ကြံ့ခိုင်ပေါက်ဖွား၊ ဘ၀များကို

ခုများယနေ့၊ မင်းမမေ့နဲ့

ရေမြှေု့သခင်၊ ရှင်ဘုရင်၏

နန်းတွင်ပျော်လွင်၊ ရွှေသဇင်ရယ်

မင်းရှင်သန်ရာ၊ အသင့်ပါကွာ


KZW