Sunday, September 23, 2012

အသင့်ရှိသူ

အသင့်ရှိသူ

ရွှေနန်းတော်ဝင်၊ ပန်းသဇင်တွက်

မြေတွင်မရောက်၊ ပင်ဆင့်ပေါက်ရန်

ထိုးဖောက်နေပါ၊ ကိုယ့်ခန္ဓာမှာ

အစာရေဓါတ်၊ ကြိုကာချက်ပြီး

မပြတ်ယူလော၊ ကိုယ့်အကြောမှ

မိုးရောနေပါ၊ မခံသာလို့

ခိုဝင်ကာအိပ်၊ ကိုယ့်အရိပ်မှာ

ဆိတ်ငြိမ်သာယာ၊ ဂနိုင်မှာလေ

ကိုယ်ဟာမင်းတွက်၊ အသက်ဆက်ကာ

ပေးဆပ်မျှော်မှန်း၊ မင်းပွင့်လန်းတော့

ရွှေနန်းထက်မှာ၊ စံမြန်းကာသွား

ကိုယ့်မှာလွမ်းမိ၊ မင်းမသိပါ

သတိရချင်၊ မင်းနေစဉ်က

သစ်ပင်ဂနိုင်၊ တောကြီးမြိုင်လယ်

ကြံ့ခိုင်ပေါက်ဖွား၊ ဘ၀များကို

ခုများယနေ့၊ မင်းမမေ့နဲ့

ရေမြှေု့သခင်၊ ရှင်ဘုရင်၏

နန်းတွင်ပျော်လွင်၊ ရွှေသဇင်ရယ်

မင်းရှင်သန်ရာ၊ အသင့်ပါကွာ


KZW


No comments:

Post a Comment